About MTHRDA

MTHRDA ၏ Vision (ရည်မှန်းချက်)

“မြန်မာ့ခရီးသွားလုပ်ငန်း တတ်သိကျွမ်းကျင်ပညာရှင်များပျိုးထောင်ကာ ဆန်းသစ်ခေတ်မီသော သင်တန်းများပေးခြင်း၊ နိုင်ငံတကာအဆင့် အသိအမှတ်ပြုမှုရှိစေရေးအတွက် စံသတ်မှတ်ချက်များထားရှိ ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး မြှင့်တင်ဆောင်ရွက်ရန်”

 
MTHRDA ၏ Mission (တာဝန်ရည်ရွယ်ချက်များ)
  • ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ TVET စင်တာများ၊ သင်တန်းနည်းပြများနှင့် ခရီးသွားပညာရှင်များကို ပံ့ပိုးကူညီရန်။
  • မိမိတို့၏အသင်းနှင့်အသင်းဝင်သင်တန်းကျောင်း အသီးသီးတို့ အတွက် ခိုင်မာသော အသိအမှတ်ပြုမှု ရရှိနိုင်ရန် အစိုးရအဖွဲ့အစည်းများ၊ မြန်မာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • သင်တန်းများအသီးသီး သင်ကြားရာတွင် အာဆီယံနှင့် နိုင်ငံတော်၏ မူဘောင်များနှင့်အညီ ကျွမ်းကျင်မှု၊ သင်ရိုးညွှန်းတမ်းနှင့်သင်ကြားမှုများ စံချိန်စံညွှန်းပြည့်မီရေး ဆောင်ရွက်ရန်။
  • အသိပညာများမျှဝေခြင်းနှင့် ကျွမ်းကျင်မှုအဆင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်းနှင့်ပြည်ပ ကျွမ်းကျင်မှု ပြိုင်ပွဲများကို အားပေးမြှင့်တင်ရန်။
  • လုပ်ငန်းနယ်ပယ်အသီးသီးမှ ဦးဆောင်ကျွမ်းကျင်သူ များ၏ လမ်းညွှန်မှုဖြင့် သင်တန်းနည်းပြဆရာများ အရည်အသွေးမြှင့်တင်မှုသင်တန်းများပြုလုပ်ရန်။
  • အာဆီယံနှင့်မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရန်။